မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျွန်မရဲ့ နေ့စဉ် ဘ၀ဖြတ်သန်းမှု၊အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ မိမိကိုယ်တိုင်နဲ့ တခြားသူများ၏ လေ့လာမှတ်သားဖူးတဲ့ ဗဟုသုတတွေအထဲက အများသိသင့်တာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ လာလည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။ပို့စ်တွေကို ပြန်လည်ဝေမျှလိုပါက ရေးသူနာမည်နှင့် ဘလော့ဂ်လိပ်စာကိုသာ ထည့်သွင်းဖေါ်ပြပြီး ဘယ်သူမဆို ခွင့်တောင်းနေစရာ မလိုဘဲ ပြန်လည် ဖေါ်ပြနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ

၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ....

ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တည်ဆောက်ရေး

ပင်လုံစာချုပ်ပါ အချက်များနှင့် ၄၇ ခု ဖွဲပစည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်ချုပ်ရဲ့ လမ်းညွန်ချက် (၇) ချက်ဟာ ...

ကိုယ်ဝန်ဆောင်စဉ် သမီးမိန်းကလေး လိုချင်ရင်

ကျွန်မဆီကို ရောက်လာတဲ့ Forward e-mail တခုထဲက ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် များများစားက သမီးမိန်းကလေးမွေးဖို့ အခွင့်အလမ်း ပိုများကြောင်း သုတေသန ပညာရှင်တွေက.....

ဂုဏ်ယူစရာ ရွှေမြန်မာ

ရေးထားတာ တော့ကြာပါပြီ။ အတိအကျ ပြောရရင် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မလေးမြေ ဘလောက် မှာ....

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ

"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား" "No I'havent" "ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က.....

ရေလွှမ်းမိုးခံနေရသော ဘရင့်စ်ဘိန်း မြို့တော်

Australia နိုင်ငံ Queensland ပြည်နယ်မှာ ရေလွှမ်းမိုးနေတာ ပြည်နယ်ရဲ့ ဧရိယာ ၇၅% ကျော်အထိ ရေတွေ လွှမ်းမိုးနေပါပြီ။ ဒီနေ့မှာ...

၆၃ နှစ်ကြာမြန်မာနိုင်ငံ လွတ်လပ်ရေး အနှစ်သာရ

ဒီနေ့ဟာ နှစ်ပေါင်း ၁၀၀ ကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူလာခဲ့တဲ့ နယ်ချဲ့ဗြိတိသျှ အလံကို ဖြုတ်ချပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို စိုက်ထူခဲ့တဲ့ ၆၃ နှစ်မြောက်...

Child Migration

ဒီနှစ် သြစကြေးလျားနေ့မှာ Darling Harbour မှာ ရှိတဲ့ National Maritime Museum ကို ကလေးတွေနဲ့အတူ ရောက်ဖြစ်တော့ သြစကြေးလျားသမိုင်းမှာ ကျွန်မ မသိထားတဲ့ အချက်တခုကို....

တော်လှန်ရေးနှင့် အိမ်ထောင်ရေး

သို့ မငယ်ရေ နင့်ရဲ့ မင်္ဂလာသတင်းကို ကြားရတော့ ငါသိပ်ပြီးဝမ်းသာပါတယ်။ နင်ဗဟိုမှာ တခြားတပ်ရင်းက ရဲဘော်တယောက်နဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာ ကြားရလို့ ငါလက်ဖွဲ့ ပို့ပေးလိုက်ပါတယ်။ နင့်အမျိုးသားကိုလည်း ငါမမြင်ဖူးပေမယ့်....

Monday 21 March 2011

ဘောင်မပါတဲ့ မျက်မှန်တလက် သူငယ်ချင်းအတွက် လက်ဆောင်


သူငယ်ချင်းမင်းဟာစက်ရုပ်ခလုတ်ကို သူတို့ကိုင်ထားတယ်။သူငယ်ချင်းမင်းဟာစာခြောက်ရုပ်ကောက်ရိုးမျှင်အစုတ်တွေမင်းအသွေးအသားလေလား။သူငယ်ချင်းမင်းဟာကြေးစားတန်ဖိုးများစွာထိုက်တဲ့မင်းရဲ့ ဦးနှောက်ကိုအပြောချိုချိုနဲ့သူတို့ဖေါက်ထုတ်နိုင်ခဲ့တယ်။ဒါမှမဟုတ်အချပ်နှောင်မှုကင်းမင်းဦးနှောက်အတွင်းမှာမှားယွင်းခိုင်မာသော သစ္စာရှိမှုပြုစုထုဆစ်သူတို့ ထည့်ပစ်နိုင်ခဲ့တယ်။မင်းခန္ဓာကိုယ် စက်ရုပ်ကိုရသ (၆) ပါးဆိုတဲ့ အထဲကတပါးမှ မပါရှာတဲ့စောင်းရွဲ့ဘက်တံဆိပ်တွေ တပ်ပြီးစစ်ယူနီဖေါင်းကြီးတွေဝတ်ဆင်ပေးလိုက်တော့မင်းခေါင်းမော့နေတာအံ့သြစရာပါပဲ…..။မင်းခန္ဓာကိုယ် ကောက်ရိုးမျှင်ထဲကျဉ်ဆံတခဲဝင်သွားတော့သူတို့ မျက်ရည်မစို့ပါဘူးအတ္တရူးတို့ သွားမယ့်လမ်းအသက်လမ်းတွေ ခင်းပေးနေလိုက်တာမင်းရဲ့သစ္စာဟာ ရင်နာစရာ...



Sunday 20 March 2011

စစ်ခွေးတွေ - စစ်ခွေးတွေ - စစ်ခွေးတွေ



လူတယောက်ရဲ့ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ပြီး စစ်ခွေးတွေ.. စစ်ခွေးတွေ..စစ်ခွေးတွေ..လို့ ဒေါနဲ့ မောနဲ့ ကျွန်မလို ဘယ်သူပြောဖူးလဲ။ ကျွန်မ လူတယောက်မျက်နှာကို စူးစူးစိုက်စိုက်ကို ကြည့်ပြီး စစ်ခွေးတွေ၊ စစ်ခွေးတွေလို့ အသံကုန် ဟစ်အော်ပြီး ပြောခဲ့ဖူးလို့ ကျွန်မ မျက်လုံးမှာ မီးပွင့်လုမတတ် နာကျင်အောင် တုံ့ပြန်ခံခဲ့ရဖူးတယ်။ ဒီလို ခံရမှုအတွက် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက ခဏတာ ဖြစ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာ မကျေနပ်နိုင်၊ အခဲမကျေနိုင်တဲ့ ရင်ထဲက နာကျင်မှုက ကျွန်မကို နှစ်ချီပြီး ခံစားရစေခဲ့ပါတယ်။ ဖြစ်ပြီးရင် ပျက်ရစမြဲဆိုတဲ့ ဘုရားဟော ဓမ္မသဘောအရ အချိန်တန်တော့လည်း အဲဒီ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ အားလုံးက အလွမ်းတွေအဖြစ် ပြောင်းလဲသွားပြီး အလွမ်းတွေနဲ့ ဆက်လက်ရှင်သန်နေတာ အခုချိန်ထိပါပဲ။

Saturday 12 March 2011

Nge Naing ဘလော့ဂ်အတုအတွက် ရှင်းလင်းချက်




ဒီနေ့ အွန်လိုင်းပေါ်ကို စရောက်တော့ အီးမေးလ်နဲ့ face book မှာ မိတ်ဆွေတချို့က ကျွန်မဘလော့ဂ်ကို ပြန်ကြည့်ဖို့ အသိပေးထားတဲ့ Messge တချို့ကို လက်ခံရရှိပါတယ်။ ကျွန်မ ဘလော့ဂ်ကို ပြန်ကြည့်တော့လည်း ဘာမှမှားတာ မတွေ့ဘူး။ နောက်မှ ဘလော့ဂ်မှ C-Box မှာ Link တခုကို ဖွင့်ကြည့်လိုက်တော့ ရုတ်တရက်ကြည့်ရင် ကျွန်မဘလော့ဂ်နဲ့ ပုံစံတူ Nge Naing နာမည်နဲ့ ဘလော့ဂ် အတုတခုကိုတွေ့လိုက်မှ သဘောပေါက်သွားပါတယ်။ အဲဒီဘလော့ဂ် ပေါ်လာတာနဲ့ ပတ်သက်ပြီး Face book နဲ့ G-mail တို့ကတဆင့် ကျွန်မကို စိုးရိမ်ပြီး အသိပေးလာသူ မိတ်ဆွေ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday 6 February 2011

၈၈ မတ်လရာဇ၀င်နဲ့ အင်းလျား



မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ အရောင် ပြောင်းခဲ့တယ်။ ဒီသမိုင်းတွေကို ကျွန်မကိုယ်တိုင်ကြုံတွေ့ရလို့တော့ မဟုတ်ပါဘူး။ ကိုယ်တိုင် မကြုံတွေ့ခဲ့ရပေ့မဲ့ ကြုံတွေ့ခဲ့သူတွေက လက်ဆက်ကမ်းပေးခဲ့တာကို ဘလော့ဂ်မှာ မှတ်တမ်းတင်ရင်း ၈၈ မတ်လရာဇ၀င်နဲ့ အင်းလျားလို့ တင်စားပြီး ဧရာဝတီက ပို့စ်နှစ်ခုကို ပြန်လည် မျှဝေလိုက်ပါတယ်။



ဆက်ဖတ်နိုင်ပါသေးသည်...


Friday 7 January 2011

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ


၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ကျွန်မက ကိုးတန်းပဲ ရှိသေးတယ်။ ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြကြလို့ ကျွန်မတို့ အထက်တန်းကျောင်းတွေ အပါအ၀င် တနိုင်ငံလုံးက ကျောင်းတွေ ပိတ်လိုက်ရလို့သာ ငွေစက္ကူအရေးအခင်း ဆိုတာကို သိရပြီး မတ်လနဲ့ ဇွန်လမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ အဲဒီတုန်းက ကျွန်မ လုံးဝ မသိလိုက်တာ အမှန်ပဲ။ သို့သော်လည်း အာဏာရှင် အဆက်ဆက်က သမိုင်းကို ဘယ်လိုပဲ ဖုံးကွယ်လာခဲ့ပေမဲ့ လက်ဆက်ကမ်းတဲ့ ကျောင်းသားတွေက တာဝန်ကျေခဲ့လို့ ၈၈ ရဲ့ သြဂုတ်လမှာတော့ ၈၈ ရဲ့ မတ်လ၊ ဇွန်လ အရေးအခင်းတွေသာမက ၆၂ ကစပြီး ဘာအရေးအခင်းတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ကျောင်းစာကလွဲပြီး တခြား ဘာကိုမှ စိတ်မ၀င်စားခဲ့တဲ့ ကျွန်မရဲ့ နှလုံသားထဲ အခုထိ လုံးဝမေ့ပျောက်လို့မရလောက်အောင် ကိန်းအောင်းနေနိုင်တဲ့ အသိတရားကို ရရှိခဲ့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကိုဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ကျွန်မ မကြုံတွေ့ဖူးတဲ့ မတ်လနဲ့ တံတားနီအရေးအခင်းအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့သူတွေ ရေးဖွဲ့ခံစားထားတဲ့ ကဗျာနှစ်ပုဒ်နှင့်အတူ သမိုင်းအကျဉ်းလေးကို မျှဝေခံစားရင်း ဒီအကြောင်းတွေကို မသိလိုက်သူတွေနဲ့ ကျွန်မထက်နောက်ကျတဲ့ မျိုးဆက်သစ်တွေအတွက်ပါ မျှဝေပေးလိုက်ပါတယ်။


ဆက်ဖတ်နိုင်ပါသေးသည်...



Evolution လုပ်မလား Revolution လုပ်မလား


Evolution ဆိုတာ တဖြေးဖြေး ပြောင်းလဲခြင်းကို ဆိုလိုပြီး Revolution ဆိုတာ အမြစ်ကနေတွန်းလှန် ဖြိုဖျက်ပြီး အချိန်တိုအတွင်း ပြောင်းလွဲခြင်းလို့ ကျွန်မလေ့လာ ဖတ်မှတ် သင်ကြားဖူးပါတယ်။ Revolution ကို ငယ်စဉ်ဘ၀ ကျောင်းတက်တုန်းက ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ သင်ရတာ အပါအ၀င် အခုလက်ရှိအထိ ဖြစ်နေဆဲ ဖြစ်တဲ့ တော်လှန်ရေးတွေ အကြောင်းကို လေ့လာရင်း သိရှိရပါတယ်။ Evolution ကိုကျတော့ အထက်တန်းအဆင့် ဇီဝဗေဒဘာသာ (မြန်မာပြည်ပညာရေးမဟုတ်) မှာ ချားလ်ဒါဝင်ရဲ့ သီအိုရီ ဖြစ်တဲ့ Natural Selection and Evolution, Diversity and Evolution တွေမှာ သင်ရလို့ လေ့လာသိရှိခဲ့ပါတယ်။ Evolution က ကမ္ဘာကြီးစတင်ချိန်ကနေ အခုချိန်ထိ သက်ရှိတို့ရဲ့ တဆင့်ဆင့် ပြောင်းလဲလာပုံကို ဖေါ်ပြပြီး Revolution ကတော့ သမိုင်းတင်ပြီးကာလတွေမှာ လူသားမျိုးနွယ်တွေက လက်ရှိခံစားနေရဲ့ ခေတ်စနစ်ဆိုးမှာ ဖိနှိပ်သူတွေရဲ့ ဒဏ်ကို မခံနိုင်လို့ လူထုက လူထုရဲ့ကံကြမ္မာကို လူထုကိုယ်တိုင် ဖန်တီးပြီး အမြစ်မှနေ တွန်းလှန်ဖြိုဖျက်ခြင်း (ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား) နည်းဖြင့် ချက်ချင်းပြောင်းလဲပုံကို ဖေါ်ပြပါတယ်။ နှစ်ခုစလုံးဟာ ပြောင်းလဲလာတာကို ဆိုလိုတာ မှန်ပေမဲ့ ပြောင်းလဲပုံ ပြောင်းလဲနည်း မတူတာကို တွေ့ရှိရပါတယ်။ အဲဒီ နှစ်ခုရဲ့ အဓိပ္ပါယ်တွေကို ပြန်ဆန်းစစ်ပြီး ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြအနေက Evolution လား Revolution လားဆိုတာ ဆန်းစစ်ရင်း မျှဝေတင်ပြလိုက်ပါတယ်။



ဆက်ဖတ်နိုင်ပါသေးသည်...


Sunday 2 January 2011

နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေး အများစုက ဘာကြောင့် မြန်မာလိုမပြော မြန်မာလို မပြုမူကြလဲ




"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား"
"No I'havent"
"ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က အခုထတော့ ပြီးရင် ထမင်းစားလို့ရအောင် သားသားစားဖို့ မေမေ စားစရာ သွားလုပ်လိုက်တော့မယ်"
"Yes I will. Don't worry May May I don't have much homework because our class teachre did not come to work today. I can finish my homework in a short time" ထိုင်ရာက မထသေးဘဲ နောက်ထပ်ဂိမ်းတခုကို ထပ်စဖို့ လုပ်ရင်း ပြောလိုက်တယ်။

" သားသား မေမေ့ကို ဆင်ခြေမပေးနဲ့ နင်ဂိမ်းကစားနေတာ ဘယ်လောက်ကြာနေပြီလဲ အခု ထရင်ထ မထရင် နင့်ကိုငါ ရိုက်တော့မယ်"
"May May don't threat me I'm not paying ဆင်ခြေ Just one more game please"
"မောင်တိုး နင်အတွန့်မတက်လာနဲ့နော့် နင့်ကိုငါ ခြိမ်းချောက်နေတာ မဟုတ်ဘူး တကယ်ရိုက်ဖို့ ပြောနေတာ နင့်ကိုပါးစပ်နဲ့ ပြောလို့မရရင် အင်္ကျီချိတ်နဲ့ လာမယ် နင်ဘယ်လိုကလေးလဲ အခုထဆိုထ" လို့ ကျွန်မဒေါသထွက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့ သူထလာတယ်။ ပြီးတော့ အိမ်စာမလုပ်သေးဘဲ စာအုပ်ကို ကိုင်ပြီးသူပြောချင်တာ ဆက်ပြောနေတယ်။

"May May it's nothing to be angry about. I don't like shouting and screaming don't treat me like that I am not that stupid"
"အော်.. နင်က အော်တာတော့ မကြိုက်ဘူး အေးအေးဆေးဆေး ပြောတာလည်း နားမထောင်ဘူး နင် အခုပါးစပ်ပိတ်ထားစမ်း လူကြီးကို ပြန်မပြောနဲ့ နင်ဆက်ပြောရင် နင်နာပြီသာမှတ်တော့ ငါအင်္ကျီချိတ်နဲ့ကိုလာမယ်"

"I can't shut up May May. I don't care your အင်္ကျီချိတ်. I need to say what I have to. You Burmese adults have no idea with problem solving and the only way what you do is screaming shouting and hurting children. I hate aggressive behabiour I wonder why our Burmese adults are that aggressive. You should go to the training to learn how to bring up children.
သားက အဲလို ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်မဟာ ဆတ်ဆတ်တုန်အောင် နာပြီး ဘာပြောလို့ ပြောရမှန်းမသိနဲ့ "နင်ပြောလေကဲလေပါလား" လို့ ပြောပြီး ကျွန်မ အိမ်ခန်းထဲက အင်္ကျီချိတ်သွားယူလာပြီး သူ့ကိုရိုက်ဖို့ ချိန်ရင်း "ဆက်ပြော ခုနက ပြောနေတာတွေ နင်ဆက်ပြောစမ်း ဒီလောက်ပြောချင်တဲ့ကလေး" နင့်ကိုဝအောင် ပေးပြောမယ်" လို့ ပြောပြီး ရိုက်ဖို့ရွယ်ထားတော့ "That's all" တဲ့ ဘာမှ ဆက်မပြောတော့ဘူး ကြောက်တဲ့ပုံလည်း လုံးဝမပြဘူး။
 


ဆက်ဖတ်နိုင်ပါသေးသည်...

တကယ်ပဲ တုလို့မရတော့ဘူးလား

တကယ်ပဲ တုလို့မရတော့ဘူးလား

သူတပါးကို ကောင်းကျိုးတွေ ပေးရတာ ဂုဏ်ယူစရာပါ

သူတပါးကို ကောင်းကျိုးတွေ ပေးရတာ ဂုဏ်ယူစရာပါ