မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျွန်မရဲ့ နေ့စဉ် ဘ၀ဖြတ်သန်းမှု၊အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ မိမိကိုယ်တိုင်နဲ့ တခြားသူများ၏ လေ့လာမှတ်သားဖူးတဲ့ ဗဟုသုတတွေအထဲက အများသိသင့်တာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ လာလည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။ပို့စ်တွေကို ပြန်လည်ဝေမျှလိုပါက ရေးသူနာမည်နှင့် ဘလော့ဂ်လိပ်စာကိုသာ ထည့်သွင်းဖေါ်ပြပြီး ဘယ်သူမဆို ခွင့်တောင်းနေစရာ မလိုဘဲ ပြန်လည် ဖေါ်ပြနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

Friday, 7 January 2011

ဖုံးကွယ်လို့မရတဲ့ သမိုင်းစာမျက်နှာများ


၈၇ စက်တင်ဘာမှာ မဆလအစိုးရက ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကြေညာလိုက်တဲ့အချိန်မှာ ကျွန်မက ကိုးတန်းပဲ ရှိသေးတယ်။ ရန်ကုန်မှာ တက္ကသိုလ် ကျောင်းသားတွေက ဆန္ဒပြကြလို့ ကျွန်မတို့ အထက်တန်းကျောင်းတွေ အပါအ၀င် တနိုင်ငံလုံးက ကျောင်းတွေ ပိတ်လိုက်ရလို့သာ ငွေစက္ကူအရေးအခင်း ဆိုတာကို သိရပြီး မတ်လနဲ့ ဇွန်လမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကိုတော့ အဲဒီတုန်းက ကျွန်မ လုံးဝ မသိလိုက်တာ အမှန်ပဲ။ သို့သော်လည်း အာဏာရှင် အဆက်ဆက်က သမိုင်းကို ဘယ်လိုပဲ ဖုံးကွယ်လာခဲ့ပေမဲ့ လက်ဆက်ကမ်းတဲ့ ကျောင်းသားတွေက တာဝန်ကျေခဲ့လို့ ၈၈ ရဲ့ သြဂုတ်လမှာတော့ ၈၈ ရဲ့ မတ်လ၊ ဇွန်လ အရေးအခင်းတွေသာမက ၆၂ ကစပြီး ဘာအရေးအခင်းတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ကျောင်းစာကလွဲပြီး တခြား ဘာကိုမှ စိတ်မ၀င်စားခဲ့တဲ့ ကျွန်မရဲ့ နှလုံသားထဲ အခုထိ လုံးဝမေ့ပျောက်လို့မရလောက်အောင် ကိန်းအောင်းနေနိုင်တဲ့ အသိတရားကို ရရှိခဲ့ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကိုဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ကျွန်မ မကြုံတွေ့ဖူးတဲ့ မတ်လနဲ့ တံတားနီအရေးအခင်းအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့သူတွေ ရေးဖွဲ့ခံစားထားတဲ့ ကဗျာနှစ်ပုဒ်နှင့်အတူ သမိုင်းအကျဉ်းလေးကို မျှဝေခံစားရင်း ဒီအကြောင်းတွေကို မသိလိုက်သူတွေနဲ့ ကျွန်မထက်နောက်ကျတဲ့ မျိုးဆက်သစ်တွေအတွက်ပါ မျှဝေပေးလိုက်ပါတယ်။


ဆက်ဖတ်နိုင်ပါသေးသည်...



0 comments:

တကယ်ပဲ တုလို့မရတော့ဘူးလား

တကယ်ပဲ တုလို့မရတော့ဘူးလား

သူတပါးကို ကောင်းကျိုးတွေ ပေးရတာ ဂုဏ်ယူစရာပါ

သူတပါးကို ကောင်းကျိုးတွေ ပေးရတာ ဂုဏ်ယူစရာပါ