မင်္ဂလာပါ။ ဒီဘလော့ဂ်က ကျွန်မရဲ့ နေ့စဉ် ဘ၀ဖြတ်သန်းမှု၊အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ မိမိကိုယ်တိုင်နဲ့ တခြားသူများ၏ လေ့လာမှတ်သားဖူးတဲ့ ဗဟုသုတတွေအထဲက အများသိသင့်တာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ လာလည်သူများရွှင်လန်းချမ်းမြေ့ကြပါစေ။ပို့စ်တွေကို ပြန်လည်ဝေမျှလိုပါက ရေးသူနာမည်နှင့် ဘလော့ဂ်လိပ်စာကိုသာ ထည့်သွင်းဖေါ်ပြပြီး ဘယ်သူမဆို ခွင့်တောင်းနေစရာ မလိုဘဲ ပြန်လည် ဖေါ်ပြနိုင်ပါတယ်။

၈၈- မတ်လ ရာဇ၀င်နဲ့ အင်းလျား

၈၈ ရဲ့ မတ်လမှာ တံဖြူကနေ တံနီလို့ ခေါ်တွင်စေရလောက်အောင် သွေးစွန်းခဲ့ပြီး အင်းလျားရေ.....

Friday, 7 January 2011

Evolution လုပ်မလား Revolution လုပ်မလား


Evolution ဆိုတာ တဖြေးဖြေး ပြောင်းလဲခြင်းကို ဆိုလိုပြီး Revolution ဆိုတာ အမြစ်ကနေတွန်းလှန် ဖြိုဖျက်ပြီး အချိန်တိုအတွင်း ပြောင်းလွဲခြင်းလို့ ကျွန်မလေ့လာ ဖတ်မှတ် သင်ကြားဖူးပါတယ်။ Revolution ကို ငယ်စဉ်ဘ၀ ကျောင်းတက်တုန်းက ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ သင်ရတာ အပါအ၀င် အခုလက်ရှိအထိ ဖြစ်နေဆဲ ဖြစ်တဲ့ တော်လှန်ရေးတွေ အကြောင်းကို လေ့လာရင်း သိရှိရပါတယ်။ Evolution ကိုကျတော့ အထက်တန်းအဆင့် ဇီဝဗေဒဘာသာ (မြန်မာပြည်ပညာရေးမဟုတ်) မှာ ချားလ်ဒါဝင်ရဲ့ သီအိုရီ ဖြစ်တဲ့ Natural Selection and Evolution, Diversity and Evolution တွေမှာ သင်ရလို့ လေ့လာသိရှိခဲ့ပါတယ်။ Evolution က ကမ္ဘာကြီးစတင်ချိန်ကနေ အခုချိန်ထိ သက်ရှိတို့ရဲ့ တဆင့်ဆင့် ပြောင်းလဲလာပုံကို ဖေါ်ပြပြီး Revolution ကတော့ သမိုင်းတင်ပြီးကာလတွေမှာ လူသားမျိုးနွယ်တွေက လက်ရှိခံစားနေရဲ့ ခေတ်စနစ်ဆိုးမှာ ဖိနှိပ်သူတွေရဲ့ ဒဏ်ကို မခံနိုင်လို့ လူထုက လူထုရဲ့ကံကြမ္မာကို လူထုကိုယ်တိုင် ဖန်တီးပြီး အမြစ်မှနေ တွန်းလှန်ဖြိုဖျက်ခြင်း (ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား) နည်းဖြင့် ချက်ချင်းပြောင်းလဲပုံကို ဖေါ်ပြပါတယ်။ နှစ်ခုစလုံးဟာ ပြောင်းလဲလာတာကို ဆိုလိုတာ မှန်ပေမဲ့ ပြောင်းလဲပုံ ပြောင်းလဲနည်း မတူတာကို တွေ့ရှိရပါတယ်။ အဲဒီ နှစ်ခုရဲ့ အဓိပ္ပါယ်တွေကို ပြန်ဆန်းစစ်ပြီး ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြအနေက Evolution လား Revolution လားဆိုတာ ဆန်းစစ်ရင်း မျှဝေတင်ပြလိုက်ပါတယ်။



ဆက်ဖတ်နိုင်ပါသေးသည်...


0 comments:

တကယ်ပဲ တုလို့မရတော့ဘူးလား

တကယ်ပဲ တုလို့မရတော့ဘူးလား

သူတပါးကို ကောင်းကျိုးတွေ ပေးရတာ ဂုဏ်ယူစရာပါ

သူတပါးကို ကောင်းကျိုးတွေ ပေးရတာ ဂုဏ်ယူစရာပါ